ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသို့ မြန်နှုန်းမြင့်ရထားလိုင်းများ ပြေးဆွဲရန် ရည်မှန်းထား

Fri, 05/03/2024 - 02:23 -- dotadmin

ဗီယက်နမ်နိုင်ငံသည် မြို့တော်ဟနွိုင်းနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်းနှစ်ခုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ စတင် တည်ဆောက်ရန် ရည်မှန်းထားကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံကြားဆက်ဆံရေးပြေ လည်သည့် နောက်ထပ်လက္ခဏာတစ်ခုဖြစ်လာပါသည်။

တရုတ်နိုင်ငံသည်ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အဓိကသွင်းကုန်ရင်းမြစ်လည်းဖြစ် ပါသည်။ နှစ်နိုင်ငံကြား ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းများနှင့် မီးရထားလမ်းနှစ်ခုတို့အနက် ဗီယက်နမ်ဘက်ရှိ မီးရထားလမ်းပိုင်းမှာ သက်တမ်းကြာမြင့်ပြီး အဆင့်မြှင့်တင်ရန် လိုအပ်နေပါသည်။

ဝန်ကြီးဌာန၏ ကြေညာချက်တွင် မြန်နှုန်းမြင့်ရထားလိုင်းတစ်ခုသည် ဗီယက်နမ်နိုင်ငံ၏ ဆိပ်ကမ်းမြို့များဖြစ်သော ဟိုင်းဖောင် (Haiphong) နှင့် ကောင်းနင်း (Quang Ninh) တို့မှ ဟနွိုင်းကိုဖြတ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော လောက်ကိုင် (Lao Cai) ပြည်နယ်အထိ ပြေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အခြားတစ်ခုမှာ တရုတ်နိုင်ငံ၏ Guangxi ဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသော လန်ဆန်း (Lang Son) ပြည်နယ်သို့ ချိတ်ဆက်ထားပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူအချို့ ပိုင်ဆိုင်သည့်နေရာများအပါအဝင် ကမ္ဘာတစ်ဝန်း ကုန်ထုတ်လုပ်မှုစက်ရုံများစွာ တည်ရှိသောနေရာများကို ဖြတ်သန်းသွားမည် ဖြစ်ပါသည်။

ဝန်ကြီးဌာနသည် စီမံကိန်းများအသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိသေးပါ။

ပထမဆုံးမြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ဖွံ့ဖြိုးတိုးတက်စေရေး တရုတ်နိုင်ငံမှသင်ယူရန်ကြိုးပမ်းနေကြောင်းနှင့် တရုတ်ရထားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် အရာရှိများကိုစေလွှတ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ပါသည်။

စီးပွားရေးမြို့တော် ဟိုချီမင်းနှင့် ဟနွိုင်းကို ဆက်သွယ်သည့် အမြန်ရထားလမ်းကိုဖောက်လုပ်ရန် စီစဉ်နေပြီး အမျိုးသားလွှတ်တော်ဥက္ကဌ Vuong Dinh Hue ၏ တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်ရထားလမ်းကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ခြင်းများရှိသလို တရုတ်သမ္မတရှီကျင့်ဖျင်၏ ဒီဇင်ဘာလ ဟနွိုင်း ခရီးစဉ်အတွင်း ရထားလမ်းများအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ဗီယက်နမ်အစိုးရ၏ အချက်အလက်များအရ ယခုနှစ်ပထမသုံးလပတ်အတွင်း ဗီယက်နမ်နှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ၂၂% မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၄၃.၆ ဘီလီယံရှိခဲ့ကြောင်း၊နှစ်နိုင်ငံကြား တောင်တရုတ်ပင်လယ်အငြင်းပွားမှုမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း မကြာသေးမီက တင်းမာမှုများ ငြိမ်သက်သွားသည်ဟု သိရှိရပါသည်။

Source: https://asia.nikkei.com/Business

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages