ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄)သန်း၊ နယ်စပ်မှ (၂၇၈၃၇၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၆-၄-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၈၉၆၁၉.၂၆၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၀.၄၅၀)သန်း၊ နယ်စပ်မှ (၄၉၅၅.၁၇၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄.၄၈၈)သန်း၊ စုစုပေါင်း (၁၉၄၅၇၄.၄၃၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၄.၉၃၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၆-၄-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -     

 အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်
(၂၆-၄-၂၀၂၄) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
မတ်ပဲ US$ ၇၄.၅၆၇ ၀.၀၆၂ ၇၄.၆၂၉
ကီလို ၇၇၇၇၆.၂၉၅ ၆၆.၀၀၀ ၇၇၈၄၂.၂၉၅
ပဲတီစိမ်း US$ ၃၉.၄၂၅ ၀.၀၃၄ ၃၉.၄၅၉
ကီလို ၅၉၉၄၉.၇၁၈ ၃၄.၀၀၀ ၅၉၉၈၃.၇၁၈
ပဲစဉ်းငုံ US$ ၂၆.၀၂၅   ၂၆.၀၂၅
ကီလို ၂၄၂၄၄.၀၀၀   ၂၄၂၄၄.၀၀၀
ကုလားပဲ US$ ၀.၃၉၉   ၀.၃၉၉
ကီလို ၄၄၅.၁၈၆   ၄၄၅.၁၈၆
ပဲလွန်းဖြူ US$ ၃.၅၃၁   ၃.၅၃၁
ကီလို ၅၄၇၆.၆၉၃   ၅၄၇၆.၆၉၃
မြေထောက်ပဲ US$ ၂.၅၃၁ ၀.၇၅၉ ၃.၂၉၀
ကီလို ၂၄၉၁.၆၉၈ ၆၄၄.၀၀၀ ၃၁၃၅.၆၉၈
ထောပတ်ပဲ US$ ၄.၂၂၂ ၁.၅၆၈ ၅.၇၉၀
ကီလို ၃၇၄၁.၇၄၀ ၁၄၄၅.၀၀၀ ၅၁၈၆.၇၄၀
 ပဲယင်း US$ ၅.၃၁၆ ၀.၃၃၁ ၅.၆၄၇
ကီလို ၉၇၃၉.၃၄၉ ၅၉၄.၉၉၀ ၁၀၃၃၄.၃၃၉
ပဲကြီး US$ ၁.၆၄၄ ၀.၇၀၉ ၂.၃၅၃
ကီလို ၁၇၈၉.၈၆၀ ၇၈၀.၀၀၀ ၂၅၆၉.၈၆၀
၁၀ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၃၃၈   ၀.၃၃၈
ကီလို ၅၆၂.၇၂၃   ၅၆၂.၇၂၃
၁၁ စွန်တာပြာ US$ ၀.၀၉၅   ၀.၀၉၅
ကီလို ၁၅၀.၀၀၀   ၁၅၀.၀၀၀
၁၂ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၂၀ ၀.၀၂၀
ကီလို   ၃၃.၀၀၀ ၃၃.၀၀၀
၁၃ ပဲဖြူလေး US$      
ကီလို      
၁၄ ဘိုကိတ်ပဲ US$ ၂.၁၅၇   ၂.၁၅၇
ကီလို ၃၀၉၃.၅၀၀   ၃၀၉၃.၅၀၀
၁၅ ပဲပုတ်စေ့ US$      
ကီလို      
၁၆ ပဲနီကြား US$   ၀.၄၀၉ ၀.၄၀၉
ကီလို   ၆၈၀.၀၀၀ ၆၈၀.၀၀၀
၁၇ နိုင်လွန်ပဲ US$   ၀.၂၄၁ ၀.၂၄၁
ကီလို   ၃၆၈.၀၀၀ ၃၆၈.၀၀၀
၁၈ မြေပဲဆံ US$ ၀.၁၈၂ ၀.၂၈၆ ၀.၄၆၈
ကီလို ၁၃၉.၇၀၀ ၂၀၄.၁၈၀ ၃၄၃.၈၈၀
၁၉ အခြားပဲ US$ ၀.၀၁၈ ၀.၀၆၉ ၀.၀၈၇
ကီလို ၁၈.၈၀၄ ၁၀၆.၀၀၀ ၁၂၄.၈၀၄
  ပဲတင်ပို့မှုစုစုပေါင်း US$ ၁၆၀.၄၅၀ ၄.၄၈၈ ၁၆၄.၉၃၈
ကီလို ၁၈၉၆၁၉.၂၆၆ ၄၉၅၅.၁၇၀ ၁၉၄၅၇၄.၄၃၆

Pages