အထက်မင်းလှမြို့နယ်ရှိ လောင်စာတောင့်လုပ်ငန်းဈေးနှုန်းဈေးကွက်

Mon, 04/29/2024 - 02:18 -- dotadmin

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် ရေနံထွက်ရှိရာဒေသ ဖြစ် သည့်အလျောက် ရေနံတူးဖော်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် အခြားအသေးစား စက်မှုလက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြ ကြောင်း သိရသည်။

အထက်မင်းလှမြို့နယ်၌ ရေနံမီးသွေးမှတစ်ဆင့် ထုတ်လုပ်သော လောင်စာ‌တောင့်လုပ်ငန်း များကို လုပ်ကိုင်လျက်ရှိရာ လောင်စာတောင့် ထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများမှာ ရေနံမီးသွေး၊ ကော်မှုန့်နှင့် ကျောက်မှုန့်(ခေါ်) ဂါလီတို့ဖြစ်ကြောင်း၊ အဓိကကုန်ကြမ်းတစ်ခုဖြစ်သည့် ရေနံမီးသွေး (ခေါ်) ရေနံဂျိုးများကို မင်းလှမြို့အနီး မန်းသံပရာကန်ရေနံချက်စက်ရုံ (PIC) မှ တစ်တန်လျှင် ကျပ် ၆၀၀,၀၀၀ ဖြင့် ဝယ်ယူရကြောင်း၊ ကျန်ကော်မှုန့်နှင့် ကျောက်မှုန့်များကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ လောင်စာတောင့်အဖြစ် ထုတ်လုပ်ရာတွင် လုပ်အားခ၊ ဒီဇယ်ခ၊ မီတာခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် တစ်ရက်လျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၈၀,၀၀၀-၁၀၀,၀၀၀ ခန့် ကုန်ကျပြီး လောင်စာတောင့်လုပ်ငန်းတစ်ခုလုံး၏ စုစုပေါင်း ကုန်ကျစရိတ် မှာ ကျပ်သိန်း ၁၅၀-၂၀၀ ခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းဈေးကွက် အနေဖြင့် ‌လောင်စာတောင့် တစ်ပိဿာလျှင် ကျပ် ၁,၇၀၀ နှုန်းဖြင့် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင် စသည့်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း လောင်စာတောင့်လုပ်ငန်းပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages