ဆောင်းကြက်သွန်နီများ စတင်ထွက်ပေါ်၍ ဈေးကောင်းရရှိ

Thu, 04/25/2024 - 06:30 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ညောင်ရမ်းတိုက်နယ် အတွင်းရှိ ကျေးရွာများတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ဆောင်းကြက်သွန်နီ ၁,၈၁၅ ဧက စိုက်ပျိုးထားရှိပြီး အမြိတ်ခြောက် ဆောင်းစိုက်ကြက်သွန်နီများ စတင်တူးဖော်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

   စိုက်ပျိုးမှုအနေဖြင့် ဆောင်းကြက်သွန်နီများကို ဒီဇင်ဘာလ ပထမပတ်တွင် စတင်စိုက်ပျိုး ပြီး ဧပြီလဆန်းပိုင်းတွင် စတင်ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကြက်သွန်နီ တစ်ဧကလျှင် မျိုး၊ မြေပြုပြင်စရိတ်၊ ထွန်ယက်ခ၊ လုပ်သားခနှင့် သွင်းအားစုအပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် ပိဿာချိန် ၄,၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကြက်သွန်နီ သီးနှံစိုက်တောင်သူများမှ ပွဲစားကုန်သည်များသို့ တစ်ပိဿာလျှင် ၁,၅၀၀-၁,၆၀၀ ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ဆောင်းကြက်သွန်နီစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရှိရသည်။

DOCA (မန္တလေး)