စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အမှုထမ်း)သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Mon, 04/29/2024 - 02:07 -- dotadmin

နေပြည်တော်၊ ဧပြီလ ၂၉     

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ နံနက်(၀၉:၄၅) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း)သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို သိရှိနိုင်စေရန်နှင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်  ရုံးလုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်၊ မှန်ကန် စွာဆောင်ရွက်တတ်စေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအပါအဝင် စာသုံးသူအကာအကွယ်ပေး ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ သိရှိဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချသည့် သင်တန်းဖြစ်ကြောင်း၊ မိမိဦးစီးဌာန၏ အဓိကလုပ် ငန်းဖြစ်သော စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်၊ ကျေကျေညက်ညက် သိရှိရမည်ဖြစ်ပြီး ဥပဒေကို နားလည်သိရှိမှသာ ပြည်သူလူထုသို့ အသိပညာဖြန့်ဝေပေးနိုင်မှာဖြစ် ကြောင်း၊ သင်ကြားပေးမည့် သင်ခန်းစာများကို လေ့လာသင်ယူမှတ်သားခြင်းအပြင် လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသော ကုန်သွယ်မှုဗဟုသုတ၊ ကုန်သွယ်မှုဆိုင်ရာပညာရပ်များကိုလည်း လေ့လာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းဆိုသည်မှာ အဖွဲ့အစည်းနှင့် ဆောင်ရွက်နေရသည့်အတွက် အဖွဲ့အစည်း အတွင်း တာဝန်ခွဲဝေယူတတ်ခြင်း၊ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အဖွဲ့အစည်း နှင့်လုပ်ဆောင်တတ်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုစသည့် စိတ်ဓာတ်ကောင်းများရှိရန် သင်တန်းဖွင် လှစ်ပို့ချ လေ့ကျင့်ပေးခြင်းဖြစ် ကြောင်း၊ ပညာဟူသည် မည်သည့်အခါမှ ပြီးပြည့်စုံသည်ဟူ၍ မရှိ သဖြင့် ပညာကိုရှာဖွေဆည်းပူးနေရ မှာဖြစ်ကြောင်း၊ ပညာဆည်းပူးရာတွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်တစ်ခုတည်းကို လေ့လာသင်ကြားခြင်းမျိုးမဟုတ်ဘဲ လက်ရှိထုတ်ပြန်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကိုလည်း နားလည်သိရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး သင်တန်းသို့ ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံး များမှ သင်တန်းသား (၁၅၀) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages